ဝိုင်းစုခိုင်သိန်း
ဝိုင်းစုခိုင်သိန်းသည် မြန်မာ အမျိုးသမီး အဆိုတော်၊ ကြော်ငြာ၊ ဗီဒီယို သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ ဒီဇင်ဘာ ၂၄၊ ၁၉၈၆ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဝိုင်းစုခိုင်သိန်း ပင်ဖြစ်သည်။ အ.ထ.က(၁)ဒဂုံ တွင် သူငယ်တန်းကမှ တက္ကသိုလ်ဝင်တန်းထိ နေခဲ့သည်။ ၂၀၀၃-ခုနှစ်တွင် ဆယ်တန်းအောင်မြင်၍ အင်္ဂလိပ်စာအဓိကနှင့် ဘွဲ့ရသည်။ ၂၀၀၄−ခုနှစ်တွင် သရုပ်ဆောင်အဖြစ်ဖြင့် အနုပညာလုပ်ငန်းကို စတင်ခဲ့သည်။ ပထမဆုံး တေးစီးရီးအဖြစ် မက်လောက်စရာ ကို ထုတ်ဝေခဲ့သည်။ ထိုစီးရီးဖြင့် အောင်မြင်မှုရလာပြီးနောက် မျက်လှည့်၊ အာဘွား၊ ခါချနေရတယ် အမည်ရှိ စီးရီးများ ထပ်မံထွက်ရှိခဲ့သည်။
Wikipedia